ပွင့်လန်းသော သဲကန္တာရများ
လွန်ခဲ့သော ရာစုနှစ်တစ်ခုက အီသီယိုးပီးယား၏ (၄၀) ရာခိုင်နှုန်းခန့်ကို စိမ်းလန်းသော သစ်တောများ ဖုံးလွှမ်းခဲ့သော်လည်း ယနေ့တွင် (၄) ရာခိုင်နှုန်းခန့်သာရှိသည်။ သစ်ပင်များကို မကာကွယ်နိုင်ဘဲ သီးနှံစိုက်ဧကများ ခုတ်ထွင်ရှင်းလင်းခြင်းသည် ဂေဟဗေဒဆိုင်ရာ ကပ်ဆိုက်လာသည်။ ကျန်ရှိသော အစိမ်းရောင်အကွက်လေးများ အများစုကို ဘုရားကျောင်းများက ကာကွယ်ထားသည်။ ဒေသခံ အီသီယိုးပီးယား Orthodox Tewahedo (ရှေးရိုး ထွီဟီဒို) အသင်းတော်များသည် လွင်တီးခေါင်သဲကန္တာရအလယ်တွင် ဤအိုအေစစ်များကို ရာစုနှစ်များစွာ ပြုစုပျိုးထောင်ပေးခဲ့ရသည်။ ဝေဟင်မှပုံများကို ကြည့်လျှင် အညိုရောင် သဲများဖြင့် ဝန်းရံထားပြီး စိမ်းလန်းစိုပြေသော ကျွန်းများကို မြင်တွေ့ရသည်။ ဖန်ဆင်းခံအရာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း -သစ်ပင်များကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် ဘုရားသခင်အား နာခံခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အသင်းတော်ခေါင်းဆောင်များက အခိုင်အမာ ပြောဆိုသည်။
ပရောဖက်ဟေရှာယသည် လွင်တီးခေါင် ကန္တာရနှင့် ပြင်းထန်သောမိုးခေါင်မှု ခြိမ်းခြောက်ဒဏ်ခံရသည့် မိုးနည်းသောပြည်တွင် နေထိုင်ကြသော ဣသရေလလူမျိုးများထံ စာရေးခဲ့သည်။ ထို့ပြင် “တောကန္တာရနှင့်ခြောက်သွေ့သောအရပ်သည် ရွှင်မြူးကြလိမ့်မည်။…
စစ်မှန်သောရန်ငြိမ်းစေသူ သခင်ယေရှု
၁၈၆၂ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်တွင် အမေရိကန် ပြည်တွင်းစစ်မှာ ပြင်းထန်နေခဲ့သည်။ ယူနီယံ(ပြည်ထောင်စု)တပ် နှင့် ပြည်ထောင်စုမှတောင်ပိုင်းသို့ခွဲထွက်သောတပ် တို့သည် တဲနစီပြည်နယ် Stones (စတုံး)မြစ်ကမ်းတစ်ဘက်စီ ကိုက် (၇၀၀) အကွာတွင် အသီးသီး စခန်းချသည်။ စခန်းမီးပုံအနီး မီးလှုံနေကြစဥ် ယူနီယံတပ်မှစစ်သည်များက တယောများ၊ ဘာဂျာများနှင့် ‘Yankee Doodle’ (အမေရိကန်သား၏ တောင်ခြစ်မြောက်ခြစ်) သီချင်းကို တီးခတ်ကြသည်။ တောင်ပိုင်းခွဲထွက်တပ်ဘက်မှ ‘Dixie’ (စစ်တပ်သံအိုးကြီး) သီချင်းတီးခတ်ရန် ကမ်းလှမ်းခဲ့သည်။ မှတ်မှတ်ရရ နှစ်ဘက်တပ်ဖွဲ့များသည် နောက်ဆုံး၌ ‘Home, Sweet Home’ (ပျော်ရွှင်စွာအိမ်ပြန်ရောက်ပြီ) သီချင်းကို အတူတီးခတ်ခဲ့ကြသည်။ အဓိဌာန်ပြုထားသည့် နှစ်ဘက်ရန်သူတို့သည် ညအမှောင်၌ စိတ်ကူးယဥ်ရန်ပင် မဖြစ်နိုင်သော ငြိမ်သက်ခြင်း မှုန်ဝါးဝါးနှင့် တေးဂီတကို မျှဝေခံစားခဲ့ကြသည်။ သို့သော် တေးဂီတနှင့်အတိုက်အခိုက်ရပ်စဲမှုက ခေတ္တခဏသာဖြစ်သည်။ နောက်တစ်နေ့မနက်တွင် ၎င်းတို့၏တယောများကို ချပြီး ရိုင်ဖယ်သေနတ်များ ပြန်ကိုင်ပြီး တိုက်ခိုက်ကြရာ နှစ်ဘက်စစ်သည်…
မြို့၌ ဝမ်းမြောက်ခြင်း
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်နောက်ဆုံးပွဲတွင် ပြင်သစ်နှင့် အာဂျင်တီးနားတို့ တွေ့သည့်ပွဲသည် “သမိုင်းတွင် အကြီးကျယ်ဆုံး ကမ္ဘာ့ဖလားပွဲ” ဟု လူအများက တင်စားခေါ်ကြသော မယုံနိုင်လောက်စရာ ပြိုင်ပွဲတစ်ခုဖြစ်သည်။ အချိန်ပိုတွင် ၃-၃ ဂိုးဖြင့် သရေကျခဲ့ပြီး၊ ပင်နယ်တီကန်ရမည်ဖြစ်သည်။ အာဂျင်တီးနားက အနိုင်ဂိုးသွင်းပြီးနောက် တစ်နိုင်ငံလုံး အောင်ပွဲခံခဲ့တော့သည်။ Buenos Aires (ဘွေနိုစိုင်းရိစ်) မြို့လယ်တွင် အာဂျင်တီးနားနိုင်ငံသား တစ်သန်းကျော်နှင့် ပြည့်နေသည်။ ဒရုန်းဖြင့် ရိုက်ထားသော ဗီဒီယိုဖိုင်သည် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့ပြီး ကျယ်လောင်သော ပျော်ရွှင်ဖွယ်မြင်ကွင်းကို ပြသထားသည်။ ဘီဘီစီသတင်းတစ်ပုဒ်တွင် “ပျော်ရွှင်မှုပေါက်ကွဲထွက်ပေါ်ခြင်း”ကြောင့် မြို့တော်လှုပ်ရှားသက်ဝင်နေပုံကို ဖော်ပြခဲ့သည်။
ဝမ်းမြောက်ခြင်းသည် အစဥ်အမြဲ အံ့သြစရာကောင်းသော ဆုကျေးဇူး ဖြစ်သည်။ သုတ္တံကျမ်း၌ မြို့တစ်မြို့(သို့) လူတစ်ဦးသည် ပို၍နက်ရှိုင်းပြီးကြာရှည်သော ဝမ်းမြောက်ခြင်းကို မည်သို့ခံစားရနိုင်သည်ကို ဖော်ပြထားသည်။ “တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏” (၁၁:၁၀) ဟု သုတ္တံကျမ်းက…
အခြေခံအကြောင်းအရာများ လွဲချော်ခြင်း
McDonald's (မက်ဒေါနယ်) ကုမ္ပဏီသည် အသား ၁/၄ အောင်စပါ အသားညှပ် ပေါင်မုန့်ဖြင့် အသင့်စားသောက်ကုန်များတွင် ဆယ်စုနှစ်များစွာ ထိပ်ဆုံးစာရင်း ဝင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များတွင် မက်ဒေါနယ်ကို ဆွဲချရန် ပြိုင်ဘက်စီးပွားရေးလုပ်ငန်း A&W ပေါ်ထွက်လာခဲ့သည်။ A&W သည် မက်ဒေါနယ်မုန့်ထက် ပိုကြီးသော အသား ၁/၃ အောင်စပါ အသားညှပ်မုန့်ကို ဈေးကွက်တင်ခဲ့ပြီး တူညီသော ဈေးနှုန်းဖြင့် ရောင်းချခဲ့သည်။ ထိုမျှမက A&W ၏အသားညှပ်မုန့်သည် မမြင်ရဘဲ စားရသည့် စမ်းသပ်မှုများစွာ၌ အနိုင်ရခဲ့သည်။ သို့သော် မည်သူမျှ မဝယ်ကြဘဲ ၎င်း၏ စီမံကိန်းကျရှုံးခဲ့သည်။ နောက်ဆုံးတွင် အစားအသောက်မီနူးထဲမှ ထိုအသားညှပ်မုန့်ကို ထုတ်ဖယ်ခဲ့ရသည်။ စားသုံးသူများက သုံးပုံတစ်ပုံအောင်စ မုန့်သည် လေးပုံတစ်ပုံ အသားညှပ်မုန့်ထက်ပိုသေးမည်ဟု တွေးထင်ကာ သင်္ချာသဘောတရား နားလည်မှုလွဲမှားခြင်းကြောင့်ဟု သုတေသီများက သုံးသပ်ကြသည်။ ပြောင်မြောက်သောအကြံသည် လူတို့ အခြေခံသဘောတရားကို လွဲချော်မှုကြောင့် ကျရှုံးခဲ့ရသည်။
အခြေခံအကြောင်းအရာများကို နားလည်မှုလွဲရန် မည်မျှလွယ်ကူကြောင်း…
မင်္ဂလာရှိသော ယုံကြည်ခြင်း
ခွေးလေး Rudy (ရူဒီ) အသတ်မခံရမီ ရက်ပိုင်းအလိုတွင် အမျိုးသမီးတစ်ဦးက ၎င်းကို တိရစ္ဆာန်ဂေဟာမှ ကယ်တင်ခဲ့ပြီး၊ ထိုခွေးလေးသည် သူမ၏အဖော် ဖြစ်လာခဲ့သည်။ ရူဒီ သည် Linda (လင်းဒါ)၏ကုတင်ဘေးတွင် ငြိမ်သက်စွာ အိပ်လေ့ရှိခဲ့သော်လည်း ဆယ်နှစ်ကြာပြီးနောက်တွင် သူမဘေးနားသို့ ရုတ်တရက်ခုန်လာပြီး မျက်နှာကို နမ်းလေ့ရှိသည်။ လင်းဒါ က သူ့ကို ဆူသော်လည်း ညတိုင်း ရူဒီက ထိုအပြုအမူကို ထပ်ခါထပ်ခါ လုပ်လေ့ရှိသည်။ “ကျွန်မထိုင်ပြီဆို ခဏနေရင် သူ ကျွန်မပေါင်ပေါ် ခုန်တက်လာပြီး၊ မျက်နှာကို လျှာနဲ့လျက်တယ်” ဟု လင်းဒါ က ပြောသည်။
သူမသည် ရူဒီ ကို နာခံမှုရှိရန်လေ့ကျင့်ရေးကျောင်းသို့ ခေါ်ဆောင်ရန် စီစဉ်နေချိန်တွင် ရူဒီ သည် သူမမေးရိုး၏ နေရာတစ်နေရာတည်းကိုပင် အတင်းအကြပ် အမြဲနမ်းလေ့ရှိကြောင်းကို သေသေချာချာ စဉ်းစားမိလာသည်။ မလုံမလဲဖြင့် လင်းဒါ သည် ဆရာဝန်ထံ သွားပြခဲ့ပြီး…
ဘုရားသခင်ပေးသောအရာကို အသုံးပြုခြင်း
သြစတေးလျနိုင်ငံ၊ Brisbane (ဘရစ်ဘိန်) မြို့တော်ခန်းမစီမံကိန်းသည် ၁၉၂၀ ခုနှစ် များအတွင်း ပြောင်မြောက်သောစီမံကိန်းတစ်ခုဖြစ်သည်။ ဒါဝိဒ်မင်းကြီးပန်းပုရုပ် အတွက် Michelangelo (မိုက်ကယ်အန်ဂျယ်လို) အသုံးပြုခဲ့သည့် စကျင်ကျောက်မိုင်း တစ်ခုတည်းမှထွက်ရှိသည့် စကျင်ကျောက်များဖြင့် တည်ဆောက်ထားသောခန်းမ၏အဖြူရောင်လှေကားထစ်များသည် ဝင့်ကြွားလှသည်။ မျှော်စင်ကြီးကလည်း အီတလီနိုင်ငံ၊ Venice (ဗဲနစ်)မြို့ရှိ St. Mark’s Basilica (စိန်မာ့ခ်ဘီစီလီကာ) ဘုရားကျောင်းကို ထင်ဟပ်နေကာ ၎င်း၏ကြေးနီ အမိုးခုံးသည် ကမ္ဘာ့တောင်ဘက်ခြမ်းတွင် အကြီးဆုံးဖြစ်သည်။ ဆောက်လုပ်သူများက မျှော်စင်ထိပ်၌ ကြီးမားသောငြိမ်းချမ်းရေးကောင်းကင်တမန်ကို အလှဆင်ရန် ရည်ရွယ်ထားခဲ့သော်လည်း ပိုက်ဆံမရှိတော့ပါ။ သို့နှင့် ရေပိုက်သမား Fred Johnson (ဖရက် ဂျွန်စင်)သည် အိမ်သာရေတိုင်ကီ၊ မီးတိုင်ဟောင်းနှင့် သတ္တုအပိုင်းအစများကို အသုံးပြုကာ ထိုမျှော်စင်ထိပ်တွင် နှစ်ပေါင်းတစ်ရာနီးပါးခံသည့် အထင်ကရ သရဖူ အလုံးပုံစံကို ဖန်တီးခဲ့သည်။
ဖရက် ဂျွန်စင် သည် သူ၌ရှိရာကို အသုံးပြုခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့၌ရှိသည့် ကြီးငယ်မဟူသောအရာများဖြင့် ဘုရားရှင်၏အမှုတော်တွင် ပါဝင်နိုင်သည်။ ဣသရေလ လူမျိုးကို…
အတူရှိခြင်းသည် သာ၍ ကောင်းသည်
ကောင်းကင်ထက်ဝယ် အရည်များ ရွေ့လျားသည့်ပုံစံဖြင့် ဧရာမ စတာလင်ငှက်အုပ်ကြီး၏ အံ့ဩဖွယ် ပျံသန်းလှုပ်ရှားမှုကို Søren Solkær (ဆိုရင်း ဆိုကာ)သည် နှစ်ပေါင်းများစွာ အချိန်ယူကာ ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သည်။ ဤသို့ အံ့ဖွယ် မြင်ကွင်းကို စောင့်ကြည့်ရခြင်းက စီစဥ်တကျ တစ်ရိပ်ရိပ်နှင့် ပြောင်းလဲ ကွေ့ကောက်လှုပ်ရှားနေသောလှိုင်းလုံးများ (သို့) ကြီးမားသော အနက်ရောင် ပန်းချီစုတ်ချက်များ ရုပ်စုံမှန်ပြောင်းထဲ စီးဆင်းသွားသည့် ဒီဇိုင်းပုံစံ အောက်တွင် ထိုင်နေရသကဲ့သို့ဖြစ်သည်။ ဒိန်းမတ်နိုင်ငံတွင် ဤစတာလင်ငှက်များ၏ပျံသန်းလှုပ်ရှားမှုကို ‘Black Sun’ (အမဲရောင်နေလုံးကြီး) ဟု ခေါ်ကြသည် (၎င်းသည် ဆိုကာ၏ ထူးခြားသောဓာတ်ပုံစာအုပ်အမည်လည်းဖြစ်သည်)။ အထူးခြားဆုံးအချက်မှာ စတာလင်ငှက်များသည် ၎င်းတို့၏အနီးဆုံးအဖော်၏နောက်၌ ကပ်လျက် အလိုလို ပျံသန်းကြခြင်းဖြစ်သည်။ တစ်ကောင်သည် လမ်းကြောင်းမှ လွဲချော်ခဲ့ပါက ကြီးမားသော ထိခိုက်ဆုံးရှုံးမှုကို ခံစားရမည့်အလားပင်။ သို့သော် စတာလင်ငှက်များသည် အချင်းချင်းကာကွယ်ရန် အုပ်စုလိုက် ရွေ့လျားပျံသန်းမှုပုံစံကို အသုံးပြုခဲ့သည်။ လင်းယုန်ငှက်တစ်ကောင်သည် ၎င်းတို့ထံသို့ပျံသန်းလာလျှင်…
အပိုင်းအစများမှ အလှတရားဆီသို့
ကျွန်တော့်ဇနီး မစ်ကာ (Miska) ၌ အီသီယိုးပီးယားမှ ဆွဲကြိုးတစ်ကုံးနှင့် နားကပ်များရှိသည်။ ထိုပစ္စည်းများ၏ စွဲမက်ဖွယ်ရိုးရှင်းလှပမှုက စစ်မှန်သည့်အနုပညာလက်ရာကို ပုံဖော်လျက်ရှိပြီး အံ့သြစရာအကောင်းဆုံးအချက်မှာ ၎င်းတို့၏နောက်ခံဇာတ်လမ်းဖြစ်သည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော ကြမ်းကြုတ်ရက်စက်သည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်ကြောင့် အီသီယိုးပီးယားနိုင်ငံ၏ပထဝီမျက်နှာပြင်သည် ပစ်ခတ်ပြီးသား အမြောက်ကျည်ဆန်ခွံများ၊ ယမ်းတောင့်ခွံနှင့် ပြန့်ကျဲလျက်ရှိသည်။ မျှော်လင့်ခြင်းပြယုဂ်အနေဖြင့် နိုင်ငံသားများသည် ကျည်ခွံအကြွင်းအကျန်အစအနများကို ဖယ်ရှားကာ စစ်တလင်းမြေပြင်ကို ရှင်းလင်းခဲ့ကြသည်။ လက်မှုအတတ်ပညာရှင်များက အမြောက်ဆန်ခွံနှင့် ယမ်းတောင့်ခွံအစအနများဖြင့် လက်ဝတ်ရတနာများလုပ်ကြသည်။
ထိုအကြောင်းကို ကျွန်ုပ်ကြားရသည့်အခါ ဘုရားသခင်၏ ကတိတော်ကို ရဲဝံ့စွာ ဟောပြောသည့် ပရောဖက်မိက္ခာ၏အသံကို ကြားယောင်မိသည်။ တစ်နေ့တွင်“ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်းဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်” ဟု သူကြေညာခဲ့သည် (၄:၃)။ ဘုရား သခင်၏တန်ခိုးကြီးသော လုပ်ဆောင်မှုကြောင့် လူတို့အား သတ်ဖြတ်ရန်နှင့် ပြင်းထန်စွာဒဏ်ရာရစေရန် ရည်ရွယ်ထုတ်လုပ်ထားသည့် လက်နက်များကို လူ့ဘဝအား ကောင်းကျိုးဖြစ်စေမည့် ကိရိယာတန်ဆာပလာများအဖြစ်သို့ ပြောင်းလဲလိုက်မည်။…
ဘုရားသခင်၌ စေ့စေ့ မျက်မှောက်ပြုခြင်း
(၁၉) ရာစုနှစ်က စကော့တလန်လူမျိုး သင်းအုပ်ဆရာ Thomas Chalmers (သောမတ်စ်ချဲလ်မာစ်)က တစ်ကြိမ်တွင် ကုန်းမြင့်ပိုင်း၌ ချောက်ကမ်းပါးနှင့် ကပ်လျက် တောင်အစွန်းလမ်းကျဥ်း၌ မြင်းဆွဲရထားလုံးဖြင့် ခရီးသွားသည့် အကြောင်းကို ပြောပြသည်။ ထိုခရီး၌ သူ မချိမဆန့်ခံစားခဲ့ရသည်။ မြင်းတစ်ကောင်မှာ လန့်သွားသဖြင့် ရထားလုံးမောင်းသူက ရထားလုံးအောက်သို့ ထိုးကျကာ အားလုံးသေကုန်မှာကို ကြောက်ပြီး နှင်တံကို တစ်ခါပြီးတစ်ခါ ဝှေ့ယမ်းခဲ့သည်။ ထိုအန္တရာယ်မှ လွတ်မြောက်သွားသောအခါ ချဲလ်မာစ်က ရထားလုံးမောင်းသူအား အဘယ့်ကြောင့် အားနှင့် နှင်တံကို ဝှေ့ယမ်းရသနည်းဟု မေးရာ၊ “မြင်းတွေရဲ့အာရုံကို ဖမ်းစားဖို့လိုတယ်လေ။ သူတို့ကျွန်တော့်ဆီ အာရုံရောက်နေဖို့လိုပါတယ်” ဟု အဖြေရခဲ့သည်။
ကျွန်ုပ်တို့ပတ်လည်၌ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ ပြည့်လျှံနေသည့်လောကကြီးတွင် ကျွန်ုပ်တို့အာရုံစိုက်ရမည့် အရာတစ်စုံတစ်ရာကို ကျွန်ုပ်တို့လိုအပ်သည်။ စိတ်အာရုံလွှဲရန် စိတ်ပိုင်းဆိုင်ရာလှည့်စားမှုထက် သာလွန်သည့်အရာကို ကျွန်ုပ်တို့လိုအပ်သည်။ ကျွန်ုပ်တို့၏စိုးကြောက်စိတ်များထက် အားကြီးသည့် အမှန်လက်တွေ့ကျသည့် အရာ၌ လုံးဝစိတ်နှစ်ကာ စူးစိုက်စွဲမြဲစွာ…
သူတော်စင်နစ်ခ်
သူတော်စင် Saint Nicholas (နီကိုးလပ်စ်) (နစ်ခ် ဟု လူသိများသူ)ကို အေဒီ ၂၇၀ ဝန်းကျင်တွင် ချမ်းသာသော Grecian (ဂရီရှန်) မိသားစုမှ မွေးဖွားခဲ့သည်။ ဝမ်းနည်းစရာမှာ သူ့မိဘများသည် သူငယ်စဥ်ကတည်းက ဆုံးပါးသွားခဲ့၍ သူသည် သူ့ကိုချစ်သောဦးလေးနှင့်အတူ နေထိုင်ပြီး ဦးလေးက သူ့ကို ဘုရားရှင်နောက်လိုက်လျှောက်ရန် သွန်သင်ပေးခဲ့သည်။ နီကိုးလပ်စ် လူငယ်အရွယ်တွင် မကြာမီ မွဲတေတော့မည့် အိမ်ထောင်ပြုရန် ခန်းဝင်ပစ္စည်းလည်းမရှိသည့် ညီအစ်မသုံးဦးအကြောင်း ကြားသိခဲ့ကြောင်း ဒဏ္ဍာရီရှိခဲ့သည်။ လိုအပ်နေသူများအား ပေးကမ်းရန် သခင်ယေရှု၏ သွန်သင်ချက်ကို လိုက်နာလိုသောကြောင့်၊ သူသည် သူ၏အမွေများထဲမှ ထိုညီအစ်မများကို ရွှေဒင်္ဂါးတစ်အိတ်စီ ပေးခဲ့သည်။ သူရှင်သန်ခဲ့သည့်နှစ်များတစ်လျှောက် နီကိုးလပ်စ်သည် ကျန်ရှိသောငွေများဖြင့် ဆင်းရဲနွမ်းပါးသူများကို ကျွေးမွေးပြုစုပြီး အခြားသူများကို ပြုစုစောင်မပေးခဲ့သည်။ နောက်ရာစုနှစ်များတွင် နီကိုးလပ်စ်သည် သူ၏ဖောဖောသီသီ ရက်ရောမှုကြောင့် ဂုဏ်ပြုခံရပြီး Santa Claus (စင်တာ…